၁။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး

၂။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး

၃။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး

၄။ လူသားအခွင့်အရေး

၅။ နိုင်ငံတော်သစ် ပေါ်ပေါက်ရေး

လူထု၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အားပေးမြှင့်တင်ပေးကာ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးနှင့် မိမိကံကြမ္မာကို မိမိ ဖန်တီးခွင့်ရရန်ကြိုးပမ်းနေသူ အဖိနှိပ်ခံလူသားအားလုံးအတွက် ရပ်တည်သော တပ်ဦးဖြစ်ရန်။

၁။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရားတည်းဟူသော စစ် (၃) စစ်ကို တိုက်ဖျက်ချေမှုန်းရန်။

၂။ လူထုကိုကာကွယ်စောင့်ရှောက်ရန်။

၃။ ကျောင်းသားတော်လှန်ရေးအင်အားစုများကို စုစည်းရန်။

၄။ နိုင်ငံရေး၊ စစ်ရေး လုပ်ငန်းများတွင် အောင်မြင်မှု ရရှိရန်။

၅။ မိမိကံကြမ္မာကို မိမိဖန်တီးခွင့်ရရန် ကြိုးပမ်းနေသူ အဖိနှိပ်ခံ လူသားအားလုံးနှင့် မဟာမိတ်ပြု တိုက်ပွဲဝင်ရန်။

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးကို အားပေးကူညီရန်။

Interviews

News

Statements